န်းလုံးအကုန် ဘာမျှမကျန်အောင် ပျက်စီးသွားပြီးသည်နောက် ကမ္ဘာပြု မိုးကြီးရွာသဖြင့်

Generation Data
Records
Prompts
Copy
န်းလုံးအကုန် ဘာမျှမကျန်အောင် ပျက်စီးသွားပြီးသည်နောက် ကမ္ဘာပြု မိုးကြီးရွာသဖြင့် အကုန်လုံး ရေနှင့် ပြည့်၍ နေလေသည်။ ထိုရေတို့သည် အထက် ပထမဈာန် ဗြဟ္မာဘုံ ၃ ဘုံမှစ၍ တဖြည်းဖြည်း ခန်း၍ခန်း၍ လျော့ကျလာရာ၊ မြင့်မိုရ်တောင် ဖြစ်မည့်နေရာ၌ ရေတို့သည် အလွန်ပျစ်ချွဲလာ၏။ ကာလအလွန် ကြာသောအခါ ရွှံ့ပျစ်ချွဲကြီးမှ ရွှံ့လွှာခဲကြီး ဖြစ်လာ၏။ ဤရွှံ့လွှာခဲကြီးကား လှည်းဘီးကဲ့သို့ဝိုင်းလျက်ရှိရာ စတုရန်း ယူဇနာ ရှစ်သောင်းလေးထောင်ကျယ်၏။ ဤရွှံ့လွှာခဲကြီး၏ နံဘေးပတ်ဝန်းကျင် ရေစုကား အလွန်ကြည်၍ ကျဲ၏။ ထိုရေကြည်ရေကျဲတို့သည် တဖန်ခန်း၍ လျော့ကျလာပြန်၏။ မြင့်မိုရ်ရွှံ့လွှာခဲကြီးကား မလျော့ကျဘဲ အောက်သို့ တိုး၍သာခဲလျက်ထူ၍ထူ၍ လာလေသည်။ နောက်ဆုံးတွင် မဟာသမုဒ္ဒရာမှ အပေါ်သို့ ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်၍ တည်နေလေသည်။
ယုဂန္ဓိုရ်တောင်၊
ဣသိန္ဓိုရ်တောင်၊
ကရဝိကတောင်၊
သုဒဿနတောင်၊
နေမိန္ဓရတောင်၊
ဝိနတကတောင်
အဿကဏ်တောင်
အမည်ရှိသော တောင်စဉ်ခုနစ်ထပ်တို့သည် မြင့်မိုရ်တောင်ကို ဝိုင်းရံလျက်ရှိရာ တောင်ကွင်းကြီးများကဲ့သို့ ရှိနေလေသည်။ ထိုတောင်စဉ် ခုနစ်ထပ်တို့ အကြားအကြားတွင် သီဒါခုနစ်တန်တို့သည် အစဉ်အတိုင်း မြင့်မိုရ်တောင်ကို ဗဟိုပြု၍ ဝိုင်းရံလျက်ရှိကြပြန်သည်။ ထိုသီဒါ ခုနစ်တန် တို့သည် အထပ်ထပ် ဝိုင်းရံလျက်ရှိရာ ရေကွင်းကြီးများကဲ့သို့ ရှိနေလေသည်။ ယုဂန္ဓိုရ်တောင်သည် ယူဇနာ လေးသောင်း နှစ်ထောင်မြင့်၏။ နေ လ နက္ခတ်တို့သည် မြင်းမိုရ်တောင်ကို လကျ်ာရစ်လှည့်၍ ယုဂန္ဓိုရ်တောင်ထိပ်နှင့် အမျှသော ယူဇနာ ၄၂ဝဝဝ မြင့်သော ကောင်းကင်ပြင်၌ မြှား၏ လျင်ခြင်းထက် ဆယ်ဆမကသော လျင်ခြင်းဖြင့် သွားကြ၏။ ဣသိန္ဓိုရ်တောင်သည် ယူဇနာ ၂၁
,
ဝဝဝ မြင့်၍ ကရဝိကတောင်မှာ ယူဇနာ ၁ဝ
,
၅ဝဝ မြင့်သည်။ သုဒဿနတောင်သည် ယူဇနာ ၅
,
၂၅ဝ မြင့်၍ နေမိန္ဓရတောင်သည် ယူဇနာ၂၆၂၅ မြင့်လျက် ဝိနတကတောင်သည် ၁
,
၃၁၂ ယူဇနာ နှစ်ဂါဝုတ်မြင့်ကာ အဿကဏ်တောင်ကား ၆၅၆ ယူဇနာ တဂါဝုတ်မြင့်သည်။
မြင့်မိုရ်တောင်ကြီး၏ အရှေ့ဘက်ခြမ်းကား ငွေသားအတိပြီး၏။ မြောက်ဘက်ခြမ်းကား ရွှေသားအတိပြီး၏။ အနောက်ဘက်ခြမ်းကား ဖလ်သားအတိ ပြီး၏။ တောက်ဖက်ခြမ်းကား ပတ္တမြားညိုအတိ ပြီး၏။ ဖုံမှုန့်မြေ ရွှံ့မြေဟူ၍ မရှိချေ။ မြင့်မိုရ်တောင်မှ လေးပါးသော အရပ်မျက်နှာတို့၌ ကျွန်းငယ် ငါးရာစီ အခြံအရံနှင့်တကွ ကျွန်းကြီးလေးကျွန်းတို့ ဖြစ်ပေါ်ကုန်၏။ အရှေ့ကျွန်းနှင့် အနောက်ကျွန်းတို့ကား ယူဇနာ ခုနစ်ထောင်စီ ကျယ်၏။ မြောက်ကျွန်းကား ရှစ်ထောင်ကျယ်၍ တောင်ကျွန်းကား ယူဇနာတစ်သောင်း
INFO
Checkpoint & LoRA

Checkpoint
SeaArt Infinity
#Landscape
#Scene Design
#SeaArt Infinity
0 comment
0
1
0